အနည်းငယ်သော ပုံမှန်ပြုပြင်မှုများဖြင့် အလှဆုံးဖြစ်သွားစေရန်
27-Feb-2017အနည်းပြုပြင်ပြောင်းလဲမှုတွေက နောက်ပိုင်းသင့်အလှကို ထင်ဟပ်နေစေမယ် ဆိုတာ သင်သိပါရဲ့လား။ အလှအပအတွက် အချိန်ပေးပြင်ဆင်တတ်ကြတဲ့ ပျိုမေတို့ အတွက် နေ့စဉ်နေ့တိုင်း အနည်းငယ်ပြောင်းလဲမှုတွေ ပြုလုပ်ပေးတာကြောင့် အမြဲတမ်း လှပစေမှာဖြစ်ပါတယ်။
၁။ မျက်နှာအရေပြား ကြည်လင်နေစေရန် ညင်သာစွာသန့်စင်ပါ။
မျက်နှာအရေပြား ကြည်လင်နေစေပြီး အရေးအကြောင်းကင်းစေဖို့ ခွဲစိတ်ကုသနေ ဖို့ မလိုပါဘူး။ ပုံမှန်သန့်စင်ပေးတဲ့ အလေ့ကျင့်ကို ရယူတာက သင့်မျက်နှာအတွင်းပိုင်း အရေပြားအထိ သန့်ရှင်းနေတာကြောင့် ဝက်ခြံနဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင် ပါတယ်။ မျက်နှာအရေပြားပေါ်ကို အတင်းပွတ်တိုက်ကြေးချွတ်တာမျိုးနဲ့ ကြေးချွတ်သန့်စင် ပစ္စည်းအပြင်းစားတွေ အသုံးပြုပြီး သန့်စင်တာမျိုးကို ရှောင်ဖို့လိုပါတယ်။ မျက်နှာကို မနက် တစ်ကြိမ် ညင်သာတဲ့ သန့်စင်မှုမျိုးကို ရှောင်ဖို့လိုပါတယ်။ မျက်နှာကို မနက်တစ်ကြိမ် ညင်သာတဲ့ သန့်စင်မှုမျိုးပြုလုပ်ပေးပြီး ညအိပ်ရာမဝင်ခင်အချိန်မှာ တစ်ကြိမ်သန့်စင်ပေးပါ။ ခပ်ဖွဖွပွတ်သပ်နှိပ်နယ်ပေးတာကြောင့် သန့်စင်သွားစေပါတယ်။ ပြီးရင် ရေဓာတ်ပြန် လည် ဖြည့်တင်းပေးဖို့တော့ မမေ့ပါနဲ့။
၂။ အရေပြားခြောက်သွေ့တဲ့ အက်ကြောင်းမဖြစ်စေရန် Scrub ပြုလုပ်ပါ။
အရေပြားကြေးချွတ်သန့်စင်မှုက မျက်နှာမှာ အတင်းပွတ်တိုက်တာမျိုး မလုပ် သင့်ပေမယ့် ခန္ဓာကိုယ်က အရေပြားကိုတော့ ပွတ်တိုက်ကြေးချွတ်ပေးဖို့လိုပါတယ်။ အရေပြားပွတ်တိုက်ကြေးချွတ်တာက တစ်လကိုနှစ်ကြိမ်လောက်တော့ လိုအပ်ပါတယ်။ ခန္ဓာကိုယ်က ဆဲလ်သေတွေက နေ့ရှိသရွေ့ သင့်အရေပြားပေါ်မှာ ဖုံးနေတာကြောင့် အရေပြားခြောက်သွေ့ ကွဲအက်တာနဲ့ အရေပြာကြည်လင်မှုမရှိတာတွေ ဖြစ်စေနိုင်ပါတယ်။ ကိုယ်တိုင်အိမ်မှာပြုလုပ်နိုင်တဲ့ အရေပြားကြေးချွတ်နည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။ အရေပြားကြေးချွတ်သန့်စင်ဖို့ ကော်ဖီမှုန့်၊ သကြားစတာတွေနဲ့ ပြုလုပ်လို့ရပါတယ်။ ဆီအနေနဲ့ သံလွင်ဆီကို အသုံးပြုပေးတာက အရေပြားမှာ ရေဓာတ်ပြည့်ဝနေစေကာ အရေးကြောင်းလည်း ကင်းစင်နိုင်ပါတယ်။
၃။ ဗောက်ထခြင်းကင်းစေရန် အပူလျှော့သုံးပါ။
ခေါင်းလျှော်ပြီးလို့ ဆံသားကို အခြောက်ခံချိန်မှာ ဘာကိုအသုံးပြုတတ် ကြပါသလဲ။ ဆံပင်အခြောက်ခံစက်ကို အသုံးပြုတာဆိုရင်တော့ အပူကိုသုံးပြီး ခြောက်သွေ့စေတာမျိုး မကြာခဏပြုလုပ်တာကို ရှောင်ဖို့လိုပါတယ်။ ဆံသားတွေကို အပူချောင်းနှင့်ထိတွေ့တာမျိုး၊ ဆံပင်ဖြောင့်ချိန်မှာ အပူပေးတာမျိုး၊ လေမှုတ်စက်အပူသုံးပြီး အထိခိုက်မခံဖြစ်စေနိုင် ပါတယ်။ ဦးရေပြာခြောက်သွေ့တာကြောင့် ဗောက်လိုအဖြူဖတ်တွေ ဖြစ်စေနိုင်သလို၊ အထိခိုက်မခံဖြစ်သွားတဲ့ ဦးရေပြားက မှိုပိုးပေါက်ပွားမှု လွယ်ကူစေပြီး ဗောက်ဖြစ်စေနိုင် ပါတယ်။ ဆံသားတွေကို အခြောက်ခံချိန်မှာ အပူဆုံးပေးမယ့်အစား သဘာဝလေ နဲ့ ခြောက်သွေ့ပါစေ။ အပူစက်မသုံးဘဲ စက်တင်ကြာရှည်လိပ်ပေးထားတာကြောင့် ဆံသားပုံကျစေပါလိမ့်မယ်။
၄။ ချိုင်းမည်းခြင်းကင်းစေရန် ချိုင်းမွေးသန့်စင်ပါ
ချိုင်းနေရာနဲ့ ပေါင်ခြံနေရာတွေ မည်းနေတာမျိုးမဖြစ်စေဖို့ ချိုင်းတွေကို သန့်စင်ပေးဖို့ လိုပါတယ်။ ချိုင်းကြားမှာ ချွေး၊ ချိုင်းမွေးနဲ့ အညစ်အကြေးတွေက ဘက်တီးရီးယားပေါက်ပွား မှု ဖြစ်စေကာ အနံ့ဆိုးထွက်စေပြီး ချိုင်းလည်းမည်းစေနိုင်ပါတယ်။ ဒါကြောင့် ချိုင်းမွေးတွေ ကို ပုံမှန်သန့်စင်ပေးပြီး လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားကို ဝတ်ဆင် ကာ ချွေးထွက်ချိန်မှာ ခြောက်သွေ့အောင် ပြန်လည်လုပ်ဆောင်ပါ။ တင်းကျပ်လွန်းတဲ့ အဝတ်အစားတွေကြောင့်လည်း ချိုင်းနဲ့ ပေါင်ကြားမှာ မည်းစေတာမျိုးဖြစ်စေနိုင်တဲ့အတွက် အဝတ်အစားဝတ်ချိန်မှာ သတိထားဖို့လိုပါတယ်။ တင်းကျပ်လွန်းတဲ့ အဝတ်အစားတွေ ကနေ အရေပြားပွတ်တိုက်မှုဖြစ်စေပြီး ညိုမည်းလာစေတာပဲ ဖြစ်ပါတယ်။
၅။ ခြေထောက်အနာရောဂါကင်းစေရန် ဆားရည်စိမ်ပါ
ခြေသည်းလက်သည်းတွေ သန့်ရှင်းလှပနေတာက သင့်ကို တစ်ကိုယ်ရေသန့်ရှင်းမှု အားကောင်းတယ်လို့ ထင်ရစေပြီး လူကြားထဲမှာလည်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ပိုလာ စေနိုင်ပါတယ်။ ပြုလုပ်ပေးရမှာကတော့ တစ်ပတ်ကိုတစ်ကြိမ်လောက် ပုံမှန် ခြေသည်းလက်သည်း ကြေးချွတ်သန့်စင်မှုပါပဲ။ အလှပြင်တဲ့ဆိုင်တွေကို သွားပြီး ငွေအကုန်အကျ ခံနေဖို့မလိုပါဘူး။ အိမ်မှာပြုပြင်နိုင်တဲ့ နည်းလမ်းတွေနဲ့ တနင်္ဂနွေလို အားလပ်ရက်မျိုးမှာ ၁၅ မိနစ်လောက်အချိန်ပေးလိုက်ပါ။ အားလပ်ချိန်မှာ တီဗီကြည့်ရင်း ခြေထောက်ကို ဆားရည် ၁၀ မိနစ်လောက် စိမ်ထားလိုက်ပါ။ ပြီးရင် ဆပ်ပြာနဲ့ သန့်စင်လိုက်ပြီး ခြေသည်းလက်သည်းတွေကို ခြေသည်းတိုက်တဲ့ ကော်ပတ် နဲ့ပွတ်တိုက်ကာ သန့်စင်ပေးပါ။ အပေါ်က လက်သည်းအားဖြည့်ဆေး ထပ်ဆိုးပေး ထားလိုက်ပါ။ တစ်ပတ်တစ်ခါ ပုံမှန်ပြုလုပ်ပေးတာကြောင့် ကြည်လင်လှပပြီး အနာရောဂါ ကင်းတဲ့ ခြေထောက်တစ်စုံကို ပိုင်ဆိုင်နိုင်စေမှာ ဖြစ်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
လမင်းလေး
Arogyam magazine, October 2015, No.279, Pg.186-187